WSOP and GMP ကျောင်းအပ်လက်ခံရက်တိုးမြှင့်ကြောင်းကြေငြာခြင်း

WSOP and GMP ကျောင်းအပ်လက်ခံရက်တိုးမြှင့်ကြောင်းကြေငြာခြင်း

by Myat Sandar Hla -
Number of replies: 0

Online register အောင်မြင်ပြီးသူများအနေဖြင့် ၁၊၇၊၂၀၂၄ မှ ၁၄၊၇၊၂၀၂၄ ရက်နေ့အထိ သင်တန်းအပ်လက်ခံခဲ့ရာ ယခုအခါ ၁၅၊၇၊၂၀၂၄ မှ ၁၈၊၇၊၂၀၂၄ ရက်နေ့အထိ သင်တန်းအပ်လက်ခံရက် တိုးမြှင့်ထားကြောင်း အသိပေး အပ်ပါသည်။ Online register မတင်လိုက်ရသူများသည်လည်း သထုံလမ်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ရုံးချိန်အတွင်း သင်တန်းလျှောက်လွှာပုံစံဖြည့်၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လာရောက်အပ်နှံနိုင်ပါသည်။

 *သင်တန်းအပ်ရာတွင်လိုအပ်သည့်အချက်များ
- ဆယ်တန်းအောင်မြင်ပြီးသူဖြစ်ပါက ဆယ်တန်းအောင်လက်မှတ် မူရင်း နှင့် မိတ္တူ
- ဘွဲ့ရပြီးသူဖြစ်ပါက ဘွဲ့လက်မှတ် မူရင်း နှင့် မိတ္တူ
- မှတ်ပုံတင် မူရင်း နှင့် မိတ္တူ